နာရီကြိုး အမျိုးအစားကိုလိုက်ပြီး ဘယ်လို သန့်ရှင်းရေး လုပ်ရမလဲ?
- Mar 5
- 1 min read

𝑳𝒆𝒂𝒕𝒉𝒆𝒓
နူးညံ့ပြီး Classic ဆန်တဲ့ ဒီကြိုးတွေက ဝတ်ရတာ သက်တောင့်သက်သာရှိပေမယ့် ရေ၊ ချွေးတို့နဲ့ ထိတာ ကြာပြီး သန့်ရှင်းရေးမလုပ်ရင် ပျက်စီးလွယ်တတ်ပါတယ်။ Leather ကြိုးတွေကို သန့်ရှင်းတော့မယ်ဆိုရင် အဝတ်ပျော့လေးနဲ့ ရေနည်းနည်းစွတ်ပြီး ညင်ညင်သာသာ သုတ်ပေးလို့ရပါတယ်။ Leather အတွက် သီးသန့်ထုတ်ထားတဲ့ Leather Cleaner ကို သုံးတာက ပိုကောင်းပါတယ်။ အဲဒီ့နောက်မှာတော့ ကြိုးကို အခြောက်ခံပြီးမှ သိမ်းဖို့ အရေးကြီးပါတယ်။ ရေ၊ ချွေးတို့ကြောင့် နာရီကြိုး ရေစိုသွားပြီဆိုရင် အခြောက်မခံဘဲ သိမ်းမယ်ဆိုရင် မှိုစွဲတာ၊ ဆွေးတာတွေ ဖြစ်တတ်တာကြောင့်ပါ။
𝑺𝒕𝒂𝒊𝒏𝒍𝒆𝒔𝒔 𝑺𝒕𝒆𝒆𝒍
အကြမ်းခံတဲ့ ဒီကြိုးတွေကတော့ အချိန်ကြာကြာ သုံးလို့ကောင်းတဲ့ နာရီကြိုးတွေပါ။ Stainless Steel ကြိုးတွေကို သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင် ရေနွေးနွေးထဲကို ဆပ်ပြာအနည်းငယ်ထည့်ပြီး အဝတ်ပျော့ ဒါမှမဟုတ် သွားတိုက်တံနုနုနဲ့ အညစ်အကြေးတွေပြောင်တဲ့ထိ ညင်သာစွာ ပွတ်ပေးပါ။ ရေသန့်နဲ့ ဆေးပြီးတဲ့နောက်မှာတော့ ရေစက်တွေ ကွက်မကျန်ခဲ့အောင် ခြောက်သွေ့တဲ့ထိ သေချာသုတ်ပေးရပါမယ်။
𝑹𝒖𝒃𝒃𝒆𝒓/ 𝑹𝒆𝒔𝒊𝒏
ဒီနာရီကြိုးတွေကလည်း သုံးထားတဲ့ Material ကောင်းရင်ကောင်းသလောက် ကြာရှည်ခံပြီး သက်တောင့်သက်သာရှိတဲ့ အမျိုးအစားတွေပါ။ သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း ထင်သလောက်မခက်ခဲပါဘူး။ အရင်ဆုံး ရေနွေးနွေးထဲကို ဆပ်ပြာအနည်းငယ် ဒါမှမဟုတ် ရှာလကာရည်အနည်းငယ်ထည့်ပြီး အဝတ်နုနုနဲ့ သန့်စင်ပေးပြီး ရေနဲ့ ပြောင်အောင် ဆေးပေးရပါမယ်။ ပြီးရင်တော့ သန့်ရှင်းတဲ့အဝတ်နဲ့ ခြောက်ထဲထိ သုတ်ပေးရင် Resin/ Rubber ကြိုးတွေ သန့်ရှင်းသွားပြီ ဖြစ်ပါတယ်။
𝑵𝒚𝒍𝒐𝒏/ 𝑭𝒂𝒃𝒓𝒊𝒄
ဒီကြိုးတွေကတော့ သန့်ရှင်းရေးလုပ်ရတာ အလွယ်ဆုံးပါပဲ။ ကြိုးကို နာရီအိမ်ကနေဖြုတ်၊ ဆပ်ပြာနည်းနည်းနဲ့ ရေသုံးပြီး ပွတ်ပေးလိုက်တာနဲ့ သန့်ရှင်းသွားမှာပါ။ အဲဒီ့နောက်မှာတော့ ခြောက်သွေ့တဲ့ထိ အခြောက်ခံပေးဖို့ မမေ့နဲ့နော်။
အရေးအကြီးဆုံးက ဘယ်နာရီကြိုး အမျိုးအစားကိုပဲဖြစ်ဖြစ် သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင် ဆပ်ပြာပျော့ပျော့ အဝတ်နုနုကိုပဲ သုံးပေးသင့်ပါတယ်။ ကြာရှည်ခံပြီး သန့်ရှင်းသပ်ရပ်တဲ့ နာရီတစ်လုံးဟာလည်း ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြတဲ့အခါ အရေးပါတာကြောင့် စနစ်တကျသန့်ရင်းရေးလုပ်ပေးဖို့ လိုပါတယ်။
နာရီနဲ့ ပက်သက်တဲ့ ပြဿနာတွေဖြစ်လာပြီဆိုရင်တော့ အသေးအဖွဲလေးကစလို့ Major case တွေအထိ ကျွမ်းကျင်တဲ့ Technician တွေနဲ့ အကောင်းဆုံး ဝန်ဆောင်မှု ပေးနေတဲ့ Cherry Oo Service Centre ကို အမြန်ဆုံး လှမ်းလာခဲ့ဖို့ မမေ့ပါနဲ့နော်။
“ 𝗖𝗵𝗲𝗿𝗿𝘆 𝗢𝗼 𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗖𝗲𝗻𝘁𝗲𝗿 ”
Times Mall , Times City အခန်း M-A 101 မြေညီထပ် နှင့် ပထမ ထပ်ကြားအလွှာ / ကျွန်းတောလမ်း / ကမာရွတ်မြို့နယ် / ရန်ကုန် မြို့
09 - 428902904/ 01-8601086 / 01-8601087
“ ချယ်ရီဦး ”( မန္တလေး)
အမှတ်-(၅၅၂)၊၈၃လမ်း(၃၄×၃၅လမ်း)ကြား၊ချမ်းအေးသာဇံမြို့နယ်၊မန္တလေးမြို့။
09-256528322 ,02 40 67364
"နာရီဆိုလျှင် ချယ်ရီဦး"


Comments