ကိုယ်တန်ဖိုးထားတဲ့ နာရီလေးကို ဘယ်လိုသိမ်းဆည်းမလဲ?
- Mar 17
- 1 min read

နာရီဆိုတာ အချိန်ကြည့်ဖို့သက်သက်တင်မဟုတ်ဘဲ တန်ဖိုးထားရတဲ့ စုဆောင်းမှုတစ်ခုလည်း ဖြစ်တာကြောင့် စနစ်တကျ သိမ်းဆည်းဖို့ လိုအပ်ပါတယ်။ လူကြီးမင်းတို့ရဲ့ နာရီလေးတွေ အမြဲသစ်လွင်ပြီး ကြာရှည်ခံဖို့ ဘယ်လို စနစ်တကျ သိမ်းဆည်းရမလဲဆိုတဲ့ နည်းလမ်းလေးကို မျှဝေပေးပါမယ်ခင်ဗျာ။
၁။ ပတ်ဝန်းကျင် အခြေအနေကို ဂရုစိုက်ပါ။
နာရီတွေကို မှန်လုံခန်းထဲ ထည့်ရုံနဲ့ မလုံလောက်ပါဘူး။ နေရောင်ခြည် တိုက်ရိုက်ထိတွေ့တဲ့အခါ နာရီအရောင်လွင့်တာ၊ လည်သာကြိုးတွေ ဆွေးတာမျိုး ဖြစ်တတ်ပါတယ်။ စိုထိုင်းဆများရင်လည်း စက်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် စိုထိုင်းဆနည်းပြီး ခြောက်သွေ့တဲ့နေရာမှာ ထားဖို့ အရေးကြီးပါတယ်။ စပီကာ၊ ရေခဲသေတ္တာ ဒါမှမဟုတ် ဖုန်းတွေနဲ့ နီးနီးကပ်ကပ် မထားပါနဲ့။ဒီပစ္စည်းတွေမှာ ပါတဲ သံလိုက်ဓာတ်က နာရီရဲ့ တိကျမှုကို လွဲချော်စေနိုင်ပါတယ်။
၂။ နာရီအိတ် ဒါမှမဟုတ် နာရီဘူးတွေကို အသုံးပြုပါ။
နာရီတွေ တစ်ခုနဲ့တစ်ခု ပွတ်တိုက်ပြီး အပွန်းပဲ့တာမျိုး မဖြစ်ရစေဖို့ နာရီဘူး ဒါမှမဟုတ် လက်ဝတ်ရတနာထည့်တဲ့ဘူးမျိုးကို သုံးသင့်ပါတယ်။ နာရီတွေကို တစ်ခုချင်းစီ သီးခြားစီ ခွဲထားပေးတဲ့ အကန့်ပါတဲ့ သေတ္တာမျိုးက အကောင်းဆုံးပါ။ နူးညံ့တဲ့ အောက်ခံ 𝐂𝐮𝐬𝐡𝐢𝐨𝐧 ပါတဲ့ 𝐁𝐨𝐱 မျိုးကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။
၃။ ကြိုးအမျိုးအစားအလိုက် ဂရုစိုက်ထိန်းသိမ်းပါ။
𝐋𝐞𝐚𝐭𝐡𝐞𝐫 ကြိုးတွေဆိုရင်တော့ ပုံစံမပျက်စေဖို့ နာရီအောက်မှာ 𝐂𝐮𝐬𝐡𝐢𝐨𝐧 ထည့်ပြီး ပတ်ထားပေးပါ။ သံကြိုးတွေကိုတော့ ချွေးနဲ့ ဖုန်မှုန့်တွေကြောင့် သံချေးမတက်အောင် သိမ်းခါနီးမှာ နူးညံ့တဲ့ အဝတ်နဲ့ သေချာသုတ်ပြီးမှ သိမ်းသင့်ပါတယ်။
၄။ စက်အမျိုးအစားအလိုက် သိမ်းဆည်းပါ။
𝐐𝐮𝐚𝐫𝐭𝐳 (ဓာတ်ခဲ) နာရီတွေကို အကြာကြီး သိမ်းထားတော့မယ်ဆိုရင် ဓာတ်ခဲကို ထုတ်ထားသင့်ပါတယ်။ ဓာတ်ခဲသက်တမ်းကုန်ပြီး အထဲက ဓာတုပစ္စည်းတွေ စိမ့်ထွက်လာရင် စက်ကို ပျက်စီးစေနိုင်လို့ပါ။
နောက်ဆုံး အကြံပြုချင်တာကတော့ နာရီကို မသိမ်းခင်တိုင်း နူးညံ့တဲ့ 𝐌𝐢𝐜𝐫𝐨𝐟𝐢𝐛𝐞𝐫 အဝတ်နဲ့ သုတ်ပေးတဲ့ အလေ့အကျင့်က နာရီရဲ့ အရောင်အသွေးကို နှစ်ပေါင်းများစွာ ကြာရှည်စေပါတယ်။ လူကြီးမင်းတို့ တန်ဖိုးထားရတဲ့ နာရီလေးတွေမှာ ပြဿနာတစ်ခုခု ရှိလာပြီဆိုရင်တော့ 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐫𝐞 ရဲ့ ကျွမ်းကျင် 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐢𝐚𝐧 တွေက ဂရုစိုက်မှုအပြည့်နဲ့ 𝐒𝐞𝐫𝐯𝐢𝐜𝐞 ပေးသွားမှာဖြစ်လို့ ယုံကြည်စိတ်ချစွာ ပြုပြင်နိုင်ပါပြီခင်ဗျာ။
“ Cherry Oo Service Center ”
Times Mall , Times City အခန်း M-A 101 မြေညီထပ် နှင့် ပထမ ထပ်ကြားအလွှာ / ကျွန်းတောလမ်း / ကမာရွတ်မြို့နယ် / ရန်ကုန် မြို့
09 - 428902904/ 01-8601086 / 01-8601087
“ Cherry Oo Service Center ”( မန္တလေး)
အမှတ်-(၄၄၂)၊၈၃လမ်း(၃၄×၃၅လမ်း)ကြား၊ချမ်းအေးသာဇံမြို့နယ်၊မန္တလေးမြို့။
09-256528322 ,02 40 67364
Cherry Oo Service (တောင်ကြီး)
အမှတ်( မ၊ ၂၈၈)ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ စာတိုက် (မျက်နှာချင်းဆိုင် )၊ မြို့မရပ်ကွက်၊တောင်ကြီး။
09-964123821 0812123821
"နာရီဆိုလျှင် ချယ်ရီဦး"


Comments